ကွေး ဇူလိုင်

 

မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရေပြင်ရှာဖွေကယ်ဆယ်ရေး စွမ်းရည်သရုပ်ပြသခြင်း အခမ်းအနားကို ဇူလိုင် ၉ ရက် နံနက်ပိုင်းက မကွေးမြို့၊ ကမ်းနားလမ်းရှိ ညဈေးတန်းတွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ်သန်းနိုင်ညွန့်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

 

ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များက ရေပြင်ရှာဖွေကယ်ဆယ်ရေး စွမ်းရည်များဖြစ်သည့် မြေနုကျွန်းပေါ်ရှိ ရေဘေးသင့်ပြည်သူများကို Assault Boat အသုံးပြု၍ ဘေးလွတ်ရာသို့ ကယ်ဆယ် ရွှေ့ပြောင်းမှု သရုပ်ပြသခြင်းများနှင့် Intelligence Lifebuoy များအသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှု သရုပ်ပြသခြင်းကို ကြည့်ရှုအားပေးပြီး ခင်းကျင်းပြသထားသည့် ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများအား လှည်လည်ကြည့်ရှုခဲ့ကြသည်။

 

အောင်ကို(ဖန်ခါးမြေ)