နေပြည်တော်  ၁  ဩဂုတ် 


မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်အတွင်း ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက  ဧရာဝတီ မြစ်ရေ မြင့်တက်ပြီး ရေဝင်ရောက်မှုကြောင့် (၃)ရပ်ကွက်ပါ ၃ ခုနှင့် ကျွန်းသစ်(ရ)ကျေးရွာတို့မှ အိမ်ထောင်စု ၉၉ စု၊ လူဦးရေ ၃၉၁ ဦး၊ နွား ၈၄ ကောင်၊ ကျွဲ ၄၂ ကောင်တို့မှာ ရေလွတ်ရာ ဓမ္မာရုံ များနှင့် စလင်းမြို့နယ် ရေပေါ်ကြီးကျေးရွာ၊ မြို့လှကျေးရွာတို့သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊


အလားတူ ဇူလိုင် ၃၁ ရက် နံနက် ၇ နာရီက ရေစကြိုမြို့နယ်အတွင်း ဧရာဝတီ မြစ်ရေနှင့် ချင်းတွင်းမြစ်ရေ မြင့်တက်ပြီး ရေဝင်ရောက်မှုကြောင့် ညောင်တောကျေးရွာပါ ၄ ရွာ တို့မှ အိမ်ထောင်စု ၆၄ စု၊ လူဦးရေ ၁၉၆ ဦး၊ နွား ၁၆၈ ကောင်၊ ဝက် ၂ ကောင်တို့မှာ ရေလွတ်ရာ မြေကွက်လပ်များသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်းနှင့် အခြေခံပညာ အထက်တန်း ကျောင်း(လေခုတ်)ပါ စာသင်ကျောင်း ၁၇ ကျောင်းအား ယာယီပိတ်ထားကြောင်း၊


ထို့အပြင် ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်က မင်းဘူးမြို့နယ်အတွင်း ဧရာဝတီ မြစ်ရေမြင့်တက်ပြီး ရေဝင်ရောက်မှုကြောင့် နိဗ္ဗာန်ကျွန်းကျေးရွာမှ အိမ်ထောင်စု ၂၇ စု၊ လူဦးရေ ၃၁ ဦး၊ နွား ၁၀၄ ကောင်တို့မှာ မယ့်ဘေ့ကုန်းကျေးရွာဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊


အလားတူ ဇူလိုင် ၃၁ ရက် ညနေ ၄ နာရီ မိနစ် ၂၀  က သရက်မြို့နယ် ရွှေဘုံသာ ရပ်ကွက် ဧရာဝတီမြစ်ကမ်းစပ်၌ ရပ်တန့်ထားသော စက်လှေ ၆ စီးပေါ်သို့ သစ်ပင်လဲကျပိမိ၍ အဆိုပါ စက်လှေ ၆ စီးမှာ မြစ်အတွင်း နစ်မြုပ်ပျက်စီးခဲ့ရာ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ အဆိုပါ နစ်မြုပ်စက်လှေများအား ဆယ်ယူခဲ့ရာ ည ၁၂ နာရီတွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။


ရဲပြန်ကြား