မကွေး၊ ၆ ဇန်နဝါရီ

ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုဖြစ်စဉ်များမှာ မကွေးတိုင်းဒေသကြီးအတွင်း ဆက်လက်ရှိနေဆဲဖြစ်ပြီး ဇန်နဝါရီ ၆ ရက်အထိ လူနာများမှတစ်ဆင့် ကူးစက်ခံခဲ့ရသည့် ကျန်းမာရေးဝန်ထမ်း ၄၇ ဦးထိ ရှိလာနေပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

“ကူးစက်ခံရသူတွေက ကျန်းမာရေးအကူဝန်ထမ်းတွေကနေ အထူးကုဆရာဝန်ကြီးတွေအထိပါတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပြသည်။

ကူးစက်ခံရသူများကို တိုင်းဆေးရုံကြီးနှင့် သင်ကြားရေးဆေးရုံကြီးတို့တွင် ကုသမှုပေးခဲ့ပြီး လတ်တလောအထိ ဆိုးရွားသည့် ရောဂါခံစားရသည့် အခြေအနေမျိုးမရှိကြောင်း သိရသည်။

ဇန်နဝါရီ ၆ ရက် နံနက်ထိ မကွေးတိုင်းဒေသကြီးအတွင်း၌ ကိုဗစ်လူနာ ၂၆၈၇ ဦးရှိလာပြီး ယင်းတို့ထဲမှ ရောဂါအခံနှင့် ကိုဗစ်-၁၉ ရောဂါ ဆက်နွှယ်၍ သေဆုံးခဲ့သူ ၈ ဦး၊ ဆေးရုံးတက်ရောက်ဆဲလူနာ ၂၂၉ ဦး ရှိကြောင်း သိရသည်။

ဇေယျတု(မကွေး)