မင်းဘူး  ၂         နိုဝင်ဘာ          

 

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် ယမန်နေ့ ညနေ ၄ နာရီ အချိန်က မြန်မာ့ရေနံနှင့်သဘာဝလုပ်ငန်း ၊ မန်းရေနံမြေ၏ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ် ၊ လူမှုတာဝန်သိမှု (Corporate Social Responsibility) အစီအစဉ်ဖြင့် ဆောက်လုပ်သည့် ကြီးပင်ခံ အမှတ်(၁)ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲ  အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

 

a

 

 

ရှေးဉီးစွာ ကျောင်းဆောင်သစ်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးဝင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဉီးကျော်ငွေ၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဉီးစန်းဌေး၊ မင်းဘူးခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်စန်းစန်းအေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း  သိရသည်။

 

a

 

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက  အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဉီးဝင်းဝင်းက ကြီးပင်ခံ ကျေးရွာအုပ်စုသည် မြို့နယ်အတွင်း အားလုံးက စံနမူယူရမယ့် ကျေးရွာဖြစ်ပါကြောင်း၊ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် ပူပေါင်းဆောင်ရွက်လျှင် ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါ ကြောင်းပြောကြားခဲ့ပြီး၊  မန်းရေနံမြေ၊ အထွေထွေမန်နေဂျာ ဉီးရဲနိုင်က ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်း အဆောက််အဉီးနှင့် ပတ်သက်သည့် အချက်အလက်မှတ်တမ်းများအား မန်းရေနံမြေအထွေ ထွေမန်နေဂျာက ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်စန်းစန်းအေးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးကျော်ငွေက ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဉီးဝင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဉီးကျော်ငွေ၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဉီးစန်းဌေး၊ မန်းရေနံမြေ အထွေ ‌ ထွေမန်နေဂျာ ဉီးရဲနိုင် နှင့် ဌာနမှူးများ၊ မင်းဘူးခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်စန်းစန်းအေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် ကြီးပင်ခံကျေးရွာမှ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ယခုလို “ကျွန်မတို့ ကြီးပင်ခံရွာကြီးကို ကျောင်းဆောင်သစ် ဆောက်လုပ်ပေးတဲ့အတွက် အတိုင်းမသဝမ်းမြောက်မိပါတယ်။ ရပ်ရွာအနေနဲ့လည်း ယခုလို ဆောက်လုပ်၍ မလှူနိုင်ပါကြောင်း၊ဒီလို အဖွဲ့အစည်းက လှူဒါန်းတဲ့အတွက် ကျေးဇူတင်ရှိပါကြောင်း၊ ကျွန်မတို့ ငယ်ငယ်က မင်းဘူးမြို့မှာ တက်ရောက်ရပါတယ်၊ ကျေးရွာက ဖွံဖြိုးလာတဲ့အတွက်လည်း ဝမ်းသာပါကြောင်း၊ အရင်ကထက်စာရင် ကလေးများ စာကျက်ချိန်များလည်း ပိုမိုရရှိလာပါကြောင်း အခမ်းအနား တက်ရောက်လာသူ ကျောင်းသားမိဘတစ်ဉီးဖြစ်သူ ဒေါ်ညိုဌေး” ထံမှ သိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး)