မကွေး ၁၆ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် ယနေ့နံနက်ပိုင်းတွင် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေး ပွဲတော်(မကွေး) အား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုသည် တာဝန်ရှိသူများလိုက်ပါလျက် မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအတွင်းရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဖျော်ဖြေတင်ဆက်သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပဒေသာအကများ၊ တိုင်းရင်းသားရိုးရာအကများ၊ အမြင့်သဘင်ဖြစ်သည့် ရုပ်သေးအက တို့ဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပွဲတော်အတွင်း ပြသထားသည့်ပြခန်းများ၊ စာအုပ် အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဉာဏ်စမ်းပဟေဋိ အစီအစဉ်၌ ဆုရရှိသူများ အားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝေလျှံ
ဓာတ်ပုံ - ရဲဝင်းနိုင်(ညောင်ဦး)