မကွေး နိုဝင်ဘာ ၈
မကွေးတက္ကသိုလ်တွင် ခန့်အပ်ထားသည့် နည်းပြ/သရုပ်ပြ ဆရာ/ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးတက္ကသိုလ် ဘက်စုံခန်းမတွင် ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် ခဲ့ကြောင်း သိရသည်။
အသစ်ခန့်အပ်သည့် နည်းပြ/သရုပ်ပြ ဆရာ/ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားသည်။
နည်းပြ/သရုပ်ပြ ဆရာ/ဆရာမ သစ်လွင် စုစုပေါင်း (၉၀) ရှိပြီး သင်တန်းတွင် စီမံ/ ဘဏ္ဍာ/ သင်တန်းရေးရာ လုပ်ငန်းဆိုင်ရာများ၊ ဘာသာရပ်ဆိုင်ရာ သင်ရိုးများ၊ ပညာရေးသီအိုရီ၊ ပညာရေး စိတ်ပညာ၊ သင်ကြားနည်း စသည့်ပညာရေးဆိုင်ရာ ဘာသာရပ်များ၊ အခြားဘာသာရပ်များနှင့် ပေါင်းစပ်နှီးနွယ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဒေသအကျိုးပြုနှင့် နိုင်ငံအကျိုးပြု ဆောင်ရွက်နိုင်မည့် သုတေသနလုပ်ငန်းများနှင့် ပတ်သက်ပြီး သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုအောင်(ပြန်/ဆက်)


