မကွေး ဇွန် ၂၂

 

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဖြစ်သော Kaung Ka Group Co., Ltd ၏ အခွံချွတ်နှမ်း၊ သန့်စင်ပြီးနှမ်း၊ နှမ်းလှော်မှုန့်၊ နှမ်းဆီမွှေး၊ သန့်စင်ပြီးပဲမျိုးစုံ၊ သန့်စင်ပြီးပြောင်းနှင့် နေကြာဆီများ ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရောင်းချခြင်းလုပ်ငန်းကို သွားရောက် ကြည့်ရှုအားပေးသည်။

 

ထို့နောက် မကွေးမြို့နယ် သပြေစမ်းကျေးရွာ တောင်သူ ဦးဇော်ကြီး၏ မိုးနှမ်းအထွက် တိုးစံပြကွက် ဧက ၂၀ ကို ကြည့်ရှုပြီး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာ ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 

မောင်ခိုင်မင်း (ပြန်/ဆက်)