မကွေး ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက်က ခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးကာ ဆုရအားကစားသမားများအား ဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဆွဲပြားများ အသီးသီးချီးမြှင့့််ပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ ကျောင်းသား/သူများ အချင်းချင်းတွေ့ဆုံ၍ ရင်းနှီးချစ်ကြည်စွာ ယှဉ်ပြိုင်ကစားကာ စည်းလုံးညီညွတ်မှု ပိုမိုတိုးတက်ခိုင်မာလာပြီး တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်သည့် ပြေးခုန်ပစ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာရေး အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ဒီဇင်ဘာ ၇ ရက်က စတင်ကျင်းပခဲ့ပြီး၊ ဒီဇင်ဘာ ၉ ရက်နေ့ ညနေပိုင်းတွင် ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပခဲ့ခြင်း ဖြစ်သည်။
ဆုပေးပွဲအခမ်းအနားတွင် မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြိုင်ပွဲဝင်များက မီတာ(၁၀၀)အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ခြင်း၊ မီတာ (၄၀၀) အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ခြင်း၊ မီတာ (၈၀၀) ပြေးခုန်ပစ်ပြိုင်ခြင်းများ အသီးသီးယှဉ်ပြိုင်ခဲ့ကြရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲ၌ အမျိုးသား/အမျိုးသမီး မီတာ (၁၀၀)ပြိုင်ပွဲ ဆုရရှိသူများ၊ မီတာ (၈၀၀) ဆုရရှိသူများ၊ အလျားခုန်ပြိုင်ပွဲ ဆုရရှိသူများ၊ သံလုံးပြိုင်ပွဲ ဆုရရှိသူများ၊ တန်းမြင့်ခုန်ပြိုင်ပွဲဆုရရှိသူများ၊ လှံတန်ပြိုင်ပွဲ ဆုရရှိသူများ၊ သုံးဆင့်ခုန် ပြိုင်ပွဲဆုရရှိသူများ၊ မီတာ(၂၀၀)ပြိုင်ပွဲဆုရရှိသူများနှင့် တံခွန်စိုက်ဆုရရှိခဲ့သော မြို့နယ်အသင်းတို့အား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးတို့က ဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဆွဲပြားများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
(တိုင်းဒေသကြီး ပြန်/ဆက်)


