မကွေး  ၁၉  ဧပြီ

 

၂၀၂၀ ခုနှစ် နွေရာသီကာလ၌ မကွေးတိုင်းဒေသကြီးရှိ ခရိုင်(၄)ခု၊ မြို့နယ်(၁၁)မြို့နယ် ၊ကျေးရွာ(၃၄)ရွာ ၊ အိမ်ခြေ(၃၇၁၂)အိမ် ၊ လူဦးရေ(၁၁၁၂၀)ဦးတို့အတွက် သောက်သုံးရေဂါလန်သုံးသိန်းကျော် ( ၃၀ဝ၅၇၀ ဂါလန်)ကို ဖြန့်ဝေလှူဒါန်းပြီးဖြစ်ကြောင်း တိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

29

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ မီးသတ်ဦးစီးဌာန ၊ သစ်တောဦးစီးဌာန နှင့် ပုဂ္ဂလိက မော်တော်ယာဉ်များ ပူးပေါင်းကာ အလှူရှင်များ၏ထည့်ဝင်ငွေဖြင့် ဂါလန် ၁၆၅၂၀ဝ  ၊ ကျေးလက်ဌာန၏ ထည့်ဝင်ငွေဖြင့် ဂါလန် (၁၃၅၃၇၀) ၊ စုစုပေါင်း ဂါလန်သုံးသိန်းကျော် လှူဒါန်းဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

 

107

 

 “ဌာနက ရေလှူနေတာတွေကတော့ နေ့တိုင်းရှိတယ်။ အလှူရှင်တွေက ရေလှူနေတာတွေလည်း ရှိပါတယ်။ အလှူရှင်က ဆီဖိုးပေးတယ်။ ကျွန်တော်တို့က ကားစိုက် ၊ လုပ်အားစိုက်ပေါ့။ ရေလိုလို့ အကြောင်းကြားရင် ချက်ချင်းလုပ်ပေးနေပါတယ် ” ဟု မကွေးတိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၊ တိုင်းဦးစီးမှူး ဦးမျိုးအောင်က ပြောသည်။

 

နောက်ကျိနေသည့် မြစ်ရေကိုပင် ကားပေါ်တင် ၊ ရေသန့်ထုတ်၍ ဖြန့်ဝေနိုင်သည့် ရေသန့်စက် ကားများလည်း ကျေးလက်ဌာနတွင်ရှိပြီး သောက်သုံရေလိုအပ်ချက်များကို ဖြည့်ဆည်းပေးနေကြောင်း တိုင်းဦးစီးမှူးကဆိုသည်။

 

134

 

ကပ်ရောဂါကာလဖြစ်သဖြင့် ရေဖြန့်ဝေရေးလုပ်ဆောင်ရာတွင် ရေပုံးများကြိုတင်ချထားကာ တစ်ဦး နှင့် တစ်ဦး ၆ ပေခွာ၍ သယ်ယူရန် ကျေးရွာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ကြောင်း ၊ သောက်သုံးရေ လိုအပ်ပါက ကျေးရွာအုပ်ချုပ် ရေးနှင့်ရေကော်မတီများက နီးစပ်ရာကျေးလက် ဦးစီးဌာနရုံးများသို့ အကူအညီတောင်းခံနိုင်ကြောင်း  တိုင်းဦးစီးမှူးထံမှ သိရသည်။

 

 

ဇေယျတု(မကွေး)

 

203