မကွေးတိုင်းတွင်  ၂ ရက်အတွင်း မီးလောင်ကျွမ်းမှု လေးကြိမ်ဖြစ်ပွား

မကွေး ၃၁ ဇန်နဝါရီ 


မကွေးတိုင်းတွင် ဇန်နဝါရီလ(၁)ရက်နေ့မှ (၃၀)ရက်နေ့ထိ မီးလောင်ကျွမ်းမှု အကြိမ်ရေ(၂၁)မှု ဖြစ်ပွားခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။


ဇန်နဝါရီလ ၂၉ ရက်နှင့် ၃၀ ရက်က မကွေးတိုင်းဒေသကြီး အတွင်းရှိ တောင်တွင်းကြီး၊ စလင်းနှင့် မြိုင်မြို့နယ်တို့တွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း မကွေးမြို့ မြို့ရှောင်လမ်း အမှိုက်ပုံ မီးလောင်ခဲ့၍ ငြိမ်းသတ်ခဲ့ရကြောင်း တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့စခန်းထံမှ သိရသည်။


ဇန်နဝါရီ ၃၀ ရက်  မွန်းလွဲ ၂ နာရီခန့်က တောင်တွင်းကြီးမြို့နယ် စစ်တားကျေးရွာနေ ပိုင်ရှင် ဦးကြည်ဝင်း(၃၀)နှစ်၏ (၁၈×၁၈) ပေ၊ သွပ်မိုးထရံကာ ပျဉ်ခင်း(၂)ထပ်နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အကာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ထိုမှတစ်ဆင့်ထပ်မံ၍ (၁၈×၂၇)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်တစ်လုံးအားလောင်ကျွမ်းခဲ့ကြောင်း မကွေးတိုင်းမီးသတ်တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။


ထိုသို့ မီးလောင်းကျွမ်းခဲ့မှုကြောင့် မီးဘေးသင့်ပြည်သူ (၉)ဦးကိုလည်း ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် နေထိုင်ရန်ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ပိုင်ရှင် ဦးကြည်ဝင်းအား တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ဇန်နဝါရီ ၃၀ ရက်က မြိုင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဝေဖြိုး(၄၀)နှစ်၏ "ဝေဖြိုး- ကားဝပ်ရှော့"တွင် မြိုင်မြို့နယ် ပန်းတိုင်းတောကျေးရွာလူမှုကူညီရေးအသင်းမှ (MISUBISHE Brandar)ခဲရောင်ယာဉ်အား ဝါယာရိမ်းပြုပြင်နေစဉ် ဝါယာကြိုးများအပူလွန်ကဲကာ ပေါက်ပြဲထိမိရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ကားခေါင်းခန်းအတွင်း စတီယာရင်၊ ဒက်ရှ်ဘုတ်၊ ထိုင်ခုံကူရှင်များနှင့် တာယာ(၄)လုံးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မကွေးတိုင်း မီးသတ်ဦးဌာနမှ သိရသည်။


ဇန်နဝါရီလ(၂၉)ရက်နေ့ကလည်း စလင်းမြို့နယ်၊ ထူးပေါက်ကျေးရွာလမ်းခွဲရှိ ပိုင်ရှင်ဦးခင်မောင်လွင်(၅၃)နှစ်၏ ပေ (၂၀×၃၀) ၊ ဝါးကပ်ထရံကာ ၊ မြေစိုက်နေအိမ်တွင် မီးဖို၊ မီးကြွင်းမီးကျန်မှတစ်ဆင့် အကာသို့ ကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ မြေစိုက်နေအိမ်တစ်လုံး၊ စက်သုံးဆီဒီဇယ်ပီပါ(၂)လုံး၊ အင်ဂျင်ဝိုင်(၄)ပီပါနှင့် KLUGER အပြာရောင်ယာဉ်တစ်စီးတို့ မီးလောင်ကျွမ်းခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။


ဇွဲထက်ရှင်