မကွေး  ၃၁  ဇူလိုင်         

 


မကွေးတက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်းသည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်(ဒုတိယပညာသင်ကာလ)တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးတောင်တက်ခရီးစဉ်အဖြစ် သြဂုတ်လ ၁၀ ရက်နေ့တွင် တက်ရောက်မည်ဖြစ်ပြီး ယခုအခါတွင် ကြိုတင်လမ်းလျှောက် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 


မကွေးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများဖြင့် ဖွဲ့စည်းထားသည့် မကွေးတက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်းသည် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပြက္ခရွှေတောင်တက်ခရီးစဉ်ကို တက်ရောက်ခဲ့ပြီး ဖြစ်သည်။ 

 


ကျိုက်ထီးရိုးတောင်တက်ခရီးစဉ် အောင်မြင်စွာ တက်ရောက်နိင်ရေးအတွက် ကြိုတင်လမ်းလျှောက်လေ့ကျင့်ရေး ခရီးစဉ်အဖြစ် အပတ်စဉ်စနေနေ့တိုင်း ပြုလုပ်လျက်ရှိပြီး ဇူလိုင် ၂၇ ရက် မြသလွန်စေတီဦးခိုက် လမ်းလျှောက်ခရီးစဉ်တွင် မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အသင်း ဥက္ကဋ္ဌ ဒေါက်တာနေစိုးမောင်မှ မကွေးတက္ကသိုလ် ခြေလျင်နှင့်တောင်တက်အသင်း ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ကူညီပါဝင်အားဖြည့် လမ်းလျှောက်ခဲ့ကြောင်းနှင့် ကျိုက်ထီးရိုးတောင်တက် ခရီးစဉ်တွင် ဆရာ၊ ဆရာမဦးရေ (၂၀)ခန့်နှင့် ကျောင်းသား၊ ကျောင်းသူ ဦးရေ (၁၃၀)ခန့် စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

 


သန်းနိုင်ဦး(ငဖဲ)