မကွေး ၁ ဇန်နဝါရီ

 

မကွေးမြို့ မြင်သာရပ်ကွက်တွင် ဒီဇင်ဘာ ၃၀ ရက်က ဆိုင်ကယ်စီးနင်းလာသော အမျိုးသားတစ်ဦးအား ရှာဖွေစစ်ဆေးခဲ့ရာမှ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ မကွေးမြို့၊ အမှတ် (၁၅) မူးယစ်ရဲတပ်ဖွဲ့စုမှ ရဲအုပ် သန်းဇော်လတ်နှင့်အဖွဲ့၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ် အေးမင်းထွန်းနှင့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ဒီဇင်ဘာ ၃၀ ရက်  နံနက် ၁၁ နာရီက  မြင်သာရပ်ကွက်၊ မေတ္တာလမ်းပေါ်၌ မကွေးမြို့၊ မြို့ဟောင်းရပ်ကွက်နေ အောင်ကိုလတ် (ခ) ကိုလတ်၊ ၃၇နှစ်၊ စီးနင်းလာသည့် ၃ယ/ ------ နံပါတ်ပါ ရင်ဇင်း အမျိုးအစား အနက်ရောင်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ   ၎င်းဝတ်ဆင်ထားသည့် အနွေးထည် ဝဲဘက်အိတ်ကပ်အတွင်းမှ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀၊ အလေးချိန် (၁၀) ဂရမ်ခန့်နှင့် ငွေစက္ကူရော (၁၁၃၀၀) ကျပ်၊ VIVO အမျိုးအစား အနက်ရောင် ဖုန်း(၁)လုံးတို့အား ရှာဖွေ သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။

 

မူးယစ်ဆေးပြားများ သိမ်းဆည်းရမိခဲ့မှုနှင့်ပက်သက်၍ အောင်ကိုလတ်(ခ)ကိုလတ်အား မကွေးမြို့၊ မြို့မရဲစခန်းမှ  အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

 

ကျော်ဇေယျ