မချမ်းဘော့မြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းမှ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

မချမ်းဘော့ အောက်တိုဘာ ၄

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းမှ ဒုလယ်ပြ ဆရာမတစ်ဦးသည် အောက်တိုဘာ ၃ ရက် နံနက် ၉ နာရီတွင်​ နေမကောင်းသဖြင့် မိခင်နှင့်ကလေး ကျန်းမာရေးဌာန ဆေးခန်းသို့ သွားရောက်ပြသရာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါပိုးတွေ့ရှိသူ ဆရာမနှင့် ထိတွေ့ခဲ့သည့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများကို ဆက်လက်စစ်ဆေးရာ ဆရာ/ဆရာမ ၃ ဦးနှင့် ကျောင်းသား/ကျောင်းသူ ၁၆ ဦး ရောဂါပိုးတွေ့ရှိခဲ့ပြီး ကျောင်းသား/ကျောင်းသူ ၇ ဦးနှင့် ဆရာမ ၁ ဦးအား မြို့နယ်ပြည်သူ့ဆေးရုံ Isolation Ward သို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ဆရာ/ဆရာမ ၃ ဦးနှင့် ကျောင်းသား/ကျောင်းသူ ၉ ဦးတို့အား ပြည်သူ့ဝန်ဆောင်မှုရုံး Positive Centre သို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ဆက်လက်၍ ၎င်းတို့နှင့် ထိတွေ့သူများအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အစီအစဉ်အရ ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နေထိုင်စေကာ အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)