မချမ်းဘော့မြို့ မြို့မဈေးရှေ့၌ ကိုဗစ်-၁၉ ရောဂါအသိပညာပေး ဗီနိုင်းပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မချမ်းဘော့   ၁  ဧပြီ   

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်ကော်မတီကဦးဆောင်မှုဖြင့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ရောဂါနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ဆောင်ရန် ရှောင်အချက်များကို လိုက်နာလာစေရန်အတွက် အသိပညာပေး ဗီနိုင်းပိုစတာစိုက်ထူခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဧပြီ(၁)ရက် နံနက်(၆) နာရီက မချမ်းဘော့မြို့ မြို့မဈေးရှေ့၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ဝေထားသော  ကိုဗစ်-၁၉  လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသောဒေသ မှပြန်လာသူများနှင့်သွားစဉ်/အိမ်တွင် နေထိုင်စဉ်လိုက်နာရမည့်အချက်(၉)ချက်နှင့်လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွား သောဒေသမှပြန်လာသူများ၏အတူနေမိသားစုဝင်များလိုက်နာရမည့်အချက်(၉)ချက်ပါဝင်သည့် ဗီနိုင်းပိုစတာ များကို လူအသွားအလာများသောနေရာတွင်စိုက်ထူခဲ့ကြပြီး ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများစသည့်အချက်အလက်များပါသော လက်ကမ်းစာစောင်များကို မြို့မဈေးအတွင်းနှင့်လမ်းသွားလမ်းလာပြည်သူများကိုဖြန့်ဝေခဲ့ကြသည့်အပြင် Covid-19 ရောဂါနှင့်ပတ်သက်၍ဆောင်ရန်ရှောင်ရန်အချက်များကိုလည်း အသိပညာ ပေးဟောပြောခဲ့ ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို မြို့နယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းဦးဆောင်မှုဖြင့် မြို့နယ်အဆင့်လုပ်ငန်းကော်မတီဝင်များ၊ မြို့နယ်ထွေအုပ် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)