မချမ်းဘော့ နိုဝင်ဘာ ၁၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ စည်ပင်သာယာမြို့မဈေး ဈေးတွင်းဈေးပြင်တွင် ဓာတ်ဆီထားသိုအရောင်းဆိုင်များ၌ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မီးလောင်လွယ်သည့် ဆီနှင့်အရည်များ စနစ်တကျ ထားသိုရောင်း ဝယ်နိုင်ရန်၊ မီးလောင်နိုင်သည့် အမှိုက်သရိုက်များ စနစ်တကျစွန့်ပစ်နိုင်ရေး၊ ထင်းမီးသုံးစွဲသည့်ဆိုင်များ မီးကြွင်းမီးကျန်များ မပေါ့ဆရေး၊ ဟောင်းနွမ်းသည့် ပလပ်ပေါက် လဲလှယ်နိုင်ရေး အချိန်မီ လျှပ်စစ်ဌာနသို့ သတင်းပို့နိုင်ရေး၊ ထင်းမီးနှင့်လျှပ်စစ်မီးကို လိုတာထက်ပိုမသုံးစွဲရန်နှင့် ကိုဗစ်-၁၉ ကာလတွင် ကုန်ဈေးနှုန်း မှန်ကန်စွာ ရောင်းချနိုင်ရေးတို့ကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်


