မချမ်းဘော့ ဩဂုတ် ၁၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ စည်းကမ်းချက်များကို ပြည်သူများသိရှိလိုက်နာစေရန်အတွက် ဩဂုတ် ၁၈ ရက်မှစတင်၍ မချမ်းဘော့မြို့ပေါ်ရှိ ရပ်ကွက်များတွင် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အသိပေးနိုးဆော်ရာတွင် မိမိအိမ်တွင်သာနေထိုင်ရန်၊ ဘဏ်၊ စက်သုံးဆီဆိုင်၊ ငွေကြေး၀န်ဆောင်မှုလုပ်ငန်း၊ စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းအရောင်းဆိုင်များမှအပ ကျန်ဆိုင်များအားလုံး ပိတ်ရန်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကို ခွင့်မပြုရန်နှင့် ပါဆယ်စနစ်(Take away)ဖြင့်သာ ရောင်းချရန်၊ စည်ပင်သာယာဈေး၊ ပျံကျဆေးနှင့် ကျေးလက်ဈေးများအား နံနက်၆နာရီမှ နေ့လယ် ၁၂နာရီအထိ ဈေးရောင်းချရန်နှင့် ဈေးရောင်းချသူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း(mask)တပ်ဆင်၍ တစ်ဦးနှင့်တစ်ဦး( ၆)ပေအကွာ ခင်းကျင်းရောင်းချရန်၊ ပြင်ပသို့ထွက်ခွာသည့် ဈေး၀ယ်ကတ်သို့မဟုတ် နယ်မြေကျော်ကတ်တစ်ခုခုကို ကိုင်ဆောင်၍ ထွက်ခွာရမည် ဖြစ်ပြီး ကတ်တစ်ခုခု ကိုင်ဆောင်ခြင်းမပြုဘဲ နေအိမ်ပြင်ပသို့ထွက်ခွာခြင်း ပြုလုပ်ပါက တည်ဆဲ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရန်၊ ကျန်းမာရေး၊ နာရေးကိစ္စရပ်မှအပ တာ၀န်ရှိသူများမှလွဲ၍ သွားလာမှုများ မပြုလုပ် ရန်၊ မြို့၀င်/ထွက်လမ်းမကြီးနေရာများ၊ ရပ်ကွက်ကျေးရွာ၀င်/ထွက်လမ်းများရှိ စစ်ဆေးဆေးခြင်းများကို လက်ခံ ပူးပေါင်းဆောင်ရွက်သွားရန်၊ Stay at home သတ်မှတ်ထားသည့်မြို့နယ်များနှင့် ကျန်မြို့နယ်များမှ ပြည်သူ များအနေဖြင့် ကျန်းမာရေး၀န်ကြီးဌာနမှထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအား တိကျလိုက်နာ ဆောင်ရွက်သွားရန်နှင့် လိုက်နာမှုမရှိပါက သဘာ၀ဘေးအန္တရာယ်ဆိုင်ရာဥပဒေပုဒ်မ(၂၅)နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မချမ်းဘော့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


