မချမ်းဘော့ ၁၆ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မချမ်းဘော့မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူး၍ ရွေးကောက်ပွဲ ဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၆ ရက် နံနက် ၉ နာရီ က မချမ်းဘော့မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မချမ်းဘော့မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးယန်မီယုံက အဖွင့်အမှာ စကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ မချမ်းဘော့မြို့ နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် ၄ ရက်ကွက်၊ ကျေးရွာအုပ်စု ၁၁ အုပ်စုရှိ မဲရုံ(၁၇) ရုံတွင် မဲရုံမှူး၊ ဒုမဲရုံမှူးအဖြစ် ဆောင်ရွက်မည့် ဆရာ၊ ဆရာမ (၃၄) ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများက သင်တန်းပို့ချပေးမည်ဖြစ်ပြီး သင်တန်ကာလမှာ အောက်တိုဘာ (၁၆) ရက်နေ့ ၁ ရက်ကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မချမ်းဘော့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးမိုးအောင်ထံမှ သိရသည်။
ခွန်လင်းဦး(ပြန်/ဆက်)


