မချမ်းဘော့ ၄ မေ
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်အတွင်း ပြည်ပနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများအား သတ်မှတ်နေရာများ၌ သီးသန့်ထားရှိ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ထံမှ သိရသည်။
မချမ်းဘော့မြို့နယ်အတွင်းပြည်ပမှ ရောက်ရှိလာသူ မချမ်းဘော့မြို့ပေါ်မှ (၃)ဦး၊ နမ့်ခမ်းကျေးရွာမှ (၂)ဦး၊ ထရန်ဒမ်းကျေးရွာမှ (၁)ဦး ရောက်ရှိလာရာ ကြိုတင်ပြင်ဆင်ထားသည့် Facility Quarantine နေရာများဖြစ်သော မချမ်းဘော့မြို့နယ်မှ အလယ်တန်းကျောင်းနှင့် ထရန်ဒမ်း အထက(ခွဲ)ကျောင်းတို့တွင် (၂၁)ရက် အသွားအလာကန့်သတ်ထားပြီး နေရာချထားပေးကြောင်း သိရသည်။
မချမ်းဘော့မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ မြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက အသွားအလာကန့်သတ် စောင့်ကြည့်ထားသူများကို ကျန်းမာရေးအခြေအနေ ထူးခြားမှုရှိမရှိစစ်ဆေး စောင့်ကြည့်ခြင်း၊ ညွှန်ကြားချက်နှင့်အညီ နေထိုင်ရေး ဒေသန္တရအမိန့်များနှင့် ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ရေးအတွက် အနီးကပ် စောင့်ကြည့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မချမ်းဘော့(ပြန်/ဆက်)


