၁၀ ဇူလိုင်
မက္ကဆီကို နိုင်ငံမှာ ကြာသပတေးနေ့က (၂၄ နာရီအတွင်း) ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၇,၂၈၀ နဲ့ သေဆုံးသူ ၇၃၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
ဖေဖော်ဝါရီလကုန်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စတင်တွေ့ရှိခဲ့သော လက်တင်အမေရိက နိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၈၂,၂၈၃ ဦးရှိပြီး သေဆုံးသူ ၃၃,၅၂၆ ဦး ရှိကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ နှုန်းထားဟာ မြင့်မားနေဆဲဖြစ်တဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ တိုးမြှင့် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း၊ နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူနဲ့ သေဆုံးသူ အရေအတွက် ကျဆင်း နေတာကိုလည်း တွေ့လာရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ နေ့စဉ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ ပြောပါတယ်။
လူဦးရေ ၁၂၇ သန်းနေထိုင်တဲ့ မက္ကဆီကိုနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အရေအတွက်ဟာ ကမ္ဘာမှာ ပဉ္စမမြောက်အများဆုံးနိုင်ငံအဖြစ် အမေရိကန်၊ ဘရာဇီး၊ ဗြိတိန်နဲ့ အီတလီတို့ နောက်မှာ ရှိနေပါတယ်။
MDN
ကိုးကား - AFP


