၂၄ ဇွန်
မက္ကဆီကို နိုင်ငံတောင်ပိုင်း ပစိဖိတ်ကမ်းရိုးတန်း ဒေသတွင် ဇူလိုင်လ ၂၃ ရက်နေ့က ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူနှစ်ဉီး သေဆုံးခဲ့ပြီး လမ်းမကြီးများ ပျက်စီးသွားကာ ကျေးရွာများ အဆက်အသွယ်များ ပြတ်တောက်သွားခဲ့သည်။
ငလျင်လှုပ်ခဲ့ရာ ပြည်နယ်မြို့တော် အိုဆာကာနှင့် ကမ်းရိုးတန်းကြားတွင် ရှိသည့်လမ်းများတွင် ကျောက်တုံးများ ပြိုကျမှုကြောင့် ကျောက်ခဲများဖြင့် ပိတ်ဆို့လျက်ရှိသည်။
ငလျင်၏ ဗဟိုချက်မအနီး တောင်ပေါ်ကျေးရွာများရှိ ဆေးခန်းများနှင့် အခြားအဆောက်အဉီများမှာ အကြီးအကျယ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင့် ဆိုရှယ်မီဒီယာပေါ်တွင် ဖော်ပြထားသည်။
မက္ကဆီကိုမြို့တော်၏ မိုင်ပေါင်းများစွာ ဝေးကွာသည့် နေရာတွင်ရှိသည့် အဆောက်အဉီများမှာ ပြင်းထန်စွာ လှုပ်ခတ်ခဲ့ပြီး အစောပိုင်း သတိပေးသံများ ထွက်ပေါ်ခဲ့မှုကြောင့် ဒေသခံများက လမ်းမပေါ်သို့ ပြေးထွက်ခဲ့ကြသည်ဟု ဆိုသည်။
ငလျင်လှုပ်ခတ်မှုကြောင့် အိုဆာကာဒေသတွင် အသေးစား ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့သည်။
၂၀၁၇ ခုနှစ်တွင် မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းတွင် ပြင်းအား ၇ဒသမ၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုကြောင့် မြို့တော်နှင့် ပတ်ဝန်းကျင်ရှိ ပြည်နယ်များတွင် လူပေါင်း ၃၅၅ ဦး သေဆုံးခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်