၂၈ ဇန်နဝါရီ

 

မက္ကဆီကို နိုင်ငံတောင်ပိုင်း ဂါရီရို ပြည်နယ်တွင် အရပ်သား လက်နက်ကိုင်တပ်ဖွဲ့ နှစ်ခုအကြား တိုက်ပွဲဖြစ်ပွားသဖြင့် ၁၂ ဦးထက်မနည်းသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ယမန်နေ့က ပြောကြားခဲ့သည်။

 

ဂါရီရို ပြည်နယ်တွင် ယမန်နေ့ ညနေ ၃ နာရီ ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်နယ်လုံခြုံရေး အာဏာပိုင်များ၏ ပြောရေးဆိုခွင့်ရှိသူ ရိုဘာတို အယ်ဗာရက်ဇ် က ဆိုသည်။ 

 

အရပ်သားလက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ သည်  ၎င်းတို့ကို ၎င်းတို့ ရပ်ရွာအခြေပြု ရဲများဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်းနှင့်  တိုက်ပွဲဖြစ်ချိန် နှစ်နာရီ ကြာမြင့်ခဲ့ကြောင်း မျက်မြင်သက်သေများ က ပြောကြားသည်။

 

အစိုးရရှေ့နေများများက ယင်းတိုက်ပွဲဖြစ်ပွားခြင်းကို စုံစမ်းစစ်ဆေးမှု စတင်ဆောင်ရွက်နေပြီး နောက်ပိုင်းတွင်တရားစွဲဆိုမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း အယ်ဗာရက်ဇ် က ပြောကြားခဲ့သည်။

 

ကိုးကား ဆင်ဟွာ

 

ဘာသာပြန် မြင့်မြင့်ချို