မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာ ၁၈

 

မက္ကဆီကိုနိုင်ငံ ဂူအာနာဂျူအာတို ပြည်နယ်၌ ခရစ္စမတ်ပါတီပွဲ ကျင်းပနေစဉ်အတွင်း ဒီဇင်ဘာ ၁၇ ရက် အစောပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ ၁၂ ဦးထက် မနည်းသေဆုံးကြောင်း အာဏာပိုင်များက ပြောသည်။

 

ဒေသန္တရအစိုးရ၏ ကနဦး ထုတ်ပြန်ချက်အရ လက်နက်ကိုင်ဆောင်ထားသော အဖွဲ့တစ်ဖွဲ့က ရုတ်တရက် ရောက်ရှိလာပြီး မက္ကဆီကိုရိုးရာခရစ္စမတ် ပွဲတော်ပါဝင်ဆင်နွှဲသူများကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အများစုမှာ လူငယ်လူရွယ်များ ဖြစ်ကြောင်း နှင့် ၁၂ ဦး သေဆုံးကာ အခြား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိခိုက် ဒဏ်ရာရရှိသူများကို ဒေသန္တရဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ သို့သော်လည်း ၎င်းတို့ အခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ဖော်ပြထားခြင်းမရှိပေ။ မကြာသေးမီ နှစ်များအတွင်း ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် ရာဇဝတ်ဂိုဏ်းများအကြား အငြင်းပွားမှုများကြောင့် ဒေသတွင်း အကြမ်းဖက်မှုများ မြင့်တက်လာခဲ့ကြောင်းလည်း သိရသည်။

 

ဆင်ဟွာ