ဇန်နဝါရီ ၁၁

 

မက္ကဆီကိုနိုင်ငံသမ္မတ အန်ဒရတ်မန်နျူရယ်လိုပက်ဇ်အိုဘာဒါက   ကိုဗစ်-၁၉ ရောဂါ ဒုတိယအကြိမ် ကူးစက်ခံရ ကြောင်း ယမန်နေ့က ပြောကြားသည်။

 

ကိုဗစ်ထပ်မံကူးစက်ခံရသည့် အသက် ၆၈ နှစ်အရွယ်ရှိ လိုပက်ဇ်အိုဘာဒါက ရောဂါပြင်းထန်မှုမရှိကြောင်းနှင့် သီးခြားခွဲနေထိုင်ကာ အလုပ်ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း တွစ်တာတွင် ရေးသားထားသည်။

 

တနင်္လာနေ့အစောပိုင်းတွင် ကျင်းပလေ့ရှိသော သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးနောက် သမ္မတတွင် ဒုတိယအကြိမ်ထပ်မံကူးစက်ခံရသည်ဟု အတည်ပြုခဲ့သည်။

 

ပြည်ထဲရေးဝန်ကြီး အာဒန်အောဂတ်တိုလိုပက်ဇ်က သမ္မတ၏သီးခြားခွဲနေစဉ် ကာလအတွင်း ထိုသတင်းစာရှင်းလင်းပွဲကို ကျင်းပပြုလုပ်မည်ဖြစ်သည်။

 

လိုပက်ဇ်အိုဘာဒါသည် ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီးဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်သည်။ ယမန်နှစ် ဇန်နဝါရီက ကိုဗစ်-၁၉ ရောဂါ ပထမအကြိမ် ကူးစက်ခံခဲ့ရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို