ဒီဇင်ဘာ ၂၁

 

မက္ကဆီကိုနိုင်ငံတွင် ဟာရီကိန်းမုန်တိုင်း Otis တိုက်ခတ်မှုကြောင့်  ၅၂ ဦး သေဆုံးခဲ့ပြီး ၃၂ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း Guerrero ပြည်နယ်အုပ်ချုပ်ရေးမှူး Evelyn Salgadoက ယမန်နေ့ကပြောကြားသည်။

 

နိုင်ငံတောင်ပိုင်း ပစိဖိတ်ကမ်းရိုးတန်းတွင် အောက်တိုဘာလ ၂၅ ရက်က အမျိုးအစား ၅ ဟာရီကိန်းမုန်တိုင်းတိုက်ခတ်ခဲ့ရာ Acapulco နှင့် Coyuca de Benitez မြို့ရှိ အခြေခံအဆောက်အအုံများနှင့် ဟိုတယ်များ ပျက်စီးမှုများပြားခဲ့သည်။

 

နိုဝင်ဘာလက ဟာရီကိန်းမုန်တိုင်း Otis တိုက်ခတ်ခဲ့ရာ ၄၆ ဦး သေဆုံးခဲ့ပြီး  ၅၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း Guerrero အစိုးရအဖွဲ့ကပြောကြားသည်။

 

မုန်တိုင်းတိုက်ခတ်ပြီး နှစ်လနီးပါးကြာမြင့်ခဲ့ပြီးနောက်  ပင်လယ်ကမ်းခြေတွင် နိုင်ငံတကာခရီးသွားများဖြင့် ပြန်လည် စည်ကားလာသည်ဟု Salgadoက ဆိုသည်။

 

ယခုအခါ Acapulco မြို့ရှိ လူနေအိမ်အများစုသည် ဟာရီကိန်းမုန်တိုင်းတိုက်ခတ်မှုမဖြစ်ပွားမီအချိန်ကထက် ပိုမိုကောင်းမွန်မှုရှိလာသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို