မက္ကဆီကိုနယ်စပ် ထိန်းသိမ်းရေးစခန်း မီးလောင်မှုကြောင့် ၃၈ ဦး ထက်မနည်းသေဆုံး

မတ် ၂၉

 

အမေရိကန်နိုင်ငံအတွင်းသို့ဝင်ရောက်ရန်  ရွှေ့ပြောင်းနေထိုင်သူများနေထိုင်သော မက္ကဆီကိုထိန်းသိမ်းရေးစခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ  လူ ၃၈ ဦး ထက်မနည်းသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

အမေရိကန်နယ်စပ်အနီး မက္ကဆီကိုမြောက်ပိုင်း ချီဟူအာပြည်နယ် ကူဒက်ဂျာရတ်ဇ်မြို့တွင် ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

မက္ကဆီကိုရှိတာဝန်ရှိသူများ၏ကနဦးပြောကြားချက်အရ ထိုမီးလောင်မှုကြောင့် လူ ၄၀ ထက်မနည်းသေဆုံးခဲ့သည်ဟု သိရသော်လည်း ၎င်းသေဆုံးဦးရေမှာ မှားယွင်းကြောင်း ဖော်ပြထားသည်။

 

အဆိုပါမီးလောင်မှုကြောင့် သေဆုံးသူများသည် ဂွါတီမာလာ၊ ဟွန်ဒူးရတ်၊ အယ်လ်ဆာဗေဒါ၊ ဗင်နီဇွဲလားနှင့် အမေရိကန်အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများမှဖြစ်ကြောင်း သိရသည်။

 

အမေရိကန်နိုင်ငံသို့ဝင်ရောက်ရန် ထိုမြို့တွင် စောင့်ဆိုင်းနေသော ရွှေ့ပြောင်းနေထိုင်သူ ၁၀၀၀၀ ထက်မနည်းရှိသည်ဟု ကူဒက်ဂျာရတ်ဇ်မြို့ရှိ အင်န်ဂျီအိုတစ်ဦးကဆိုသည်။ အချို့ကို မက္ကဆီကိုအာဏာပိုင်များက ထိန်းသိမ်းထားပြီး ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခဲ့သည်။

 

စည်းစနစ်ကျသောဉပဒေလုပ်ထုံးလုပ်နည်းများကိုလိုက်နာမှုမရှိပဲ ယမန်နှစ်က မက္ကဆီကိုမှ အမေရိကန်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူ နှစ်သန်းခွဲကျော်ရှိသည်ဟု သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို