မက္ကဆီကိုစီးတီး ဖေဖော်ဝါရီ ၂၂

မက္ကဆီကိုတောင်ပိုင်း   ဂူရီယိုပြည်နယ်၌  ပြိုင်ဘက်ရာဇဝတ်ဂိုဏ်း အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်ကြရာ  ၁၂   ဦး သေဆုံးခဲ့ကြောင်း သမ္မတ  အန်းဒရက်စ် မန်နျူရယ်လိုပက်ဇ် အိုဘရာဒေါက   ဖေဖော်ဝါရီ  ၂၁ ရက်က ပြောကြားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး အမျိုးသားကာကွယ်ရေး တပ်ဖွဲ့များလည်း အခင်းဖြစ်ပွားရာ၌ရှိနေကြောင်း လိုပက်ဇ်အိုဘရာဒေါက မက္ကဆီကိုမြို့တော် အမျိုးသား နန်းတော်၌ ကျင်းပသော နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ သက်ဆိုင်ရာအာဏာပိုင်များသည် အသေးစိတ်အချက်အလက်များကို မကြာမီဖော်ထုတ်ပြသသွားမည် ဖြစ်ကြောင်း ဒေသမီဒီယာများတွင် ဖော်ပြထားသည်။ 

ဆင်ဟွာ