၁၁ ဇန်နဝါရီ

 

 

မက္ကဆီကိုနိုင်ငံ တမ်မူလီပါ့စ်ပြည်နယ်ရှိ နိုင်ငံတကာ ခရီးသွား တစ်ဦးတွင် ဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း  အာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။

 

 

ထိုသူမှာ အသက် ၅၆ နှစ် အရွယ်ရှိပြီး ဒီဇင်ဘာ ၂၉ ရက်နေ့တွင် မက္ကဆီကိုစီးတီးမြို့တော်မှ ရောက်ရှိချိန်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ကျန်းမာရေးဌာန အကြီးအကဲ ဂလိုရီရာ မိုလီနာ ဂမ်ဘိုရာက ပြောကြားခဲ့သည်။

 

 

အဆိုပါ ဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ်သည် ဗြိတိန်နိုင်ငံတွင် စက်တင်ဘာလလယ်ပိုင်းက ပထမဆုံး ကူးစက်မှု ဖြစ်ပေါ်ခဲ့ပြီး ကူးစက်မှု အင်အားကြီးမား လာခဲ့သည်ဟု ၎င်းကဆိုသည်။

 

 

ထိုဗိုင်းရပ်စ် ကူးစက်သူ လိုက်ပါခဲ့သည့် လေကြောင်းခရီးစဉ်မှ ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ အားလုံးကို ရောဂါရှာဖွေ စစ်ဆေးခဲ့သော်လည်း ရောဂါကူးစက်သူ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိခဲ့ပေ။

 

 

နှာခေါင်းစည်း၊ မျက်နှာအကာများ အသုံးပြုခြင်း၊ တတ်နိုင်သမျှ နေအိမ်တွင်နေထိုင်ခြင်းနှင့် လက်ကိုမကြာခဏဆေးကြောခြင်း စသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

 

 

မက္ကဆီကိုနိုင်ငံတွင် ယမန်နေ့ကအထိ ရောဂါကူးစက်ခံရသူ ၁ သန်းခွဲရှိပြီး ထိုရောဂါကူ းစက်ခံရမှုကြောင့် သေဆုံးသူ ၁၃၃၇၀၆ ဦး ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

mdn