၁၄ ဩဂုတ်
မက္ကဆီကို နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၀ဝ၀ဝ၀ ကျော် ရှိလာပြီး လာမည့်နှစ် လက်တင်အမေရိကတွင် ဖြန့်ဝေနိုင်ရန် ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်ရေးတွင် နိုင်ငံတော်က ကူညီဆောင်ရွက်မည် ဖြစ်ကြောင်း အစိုးရက ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဩဂုတ် ၁၃ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၇၃၇၁ ဦး ရှိပြီး ၆၂၇ ဦး ထပ်မံ သေဆုံးခဲ့သည်ဟု ကျန်းမာရေးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတစ်ဝှမ်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၅၅၂၉၃ ဦး အထိရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၅၀၅၇၅၁ ဦး ရှိလာသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ သိသိသာသာ လျော့နည်းလာသဖြင့် ကူးစက်မှု အရေအတွက်များ နှစ်ဆ သို့မဟုတ် သုံးဆ ပိုမို များပြားလာဖွယ် ရှိသည်ဟု ကျွမ်းကျင်ပညာရှင်များက ဆိုသည်။
မက္ကဆီကို နိုင်ငံသည် အာဂျင်တီးနားနိုင်ငံ နှင့်အတူ အောက်စဖို့ဒ် တက္ကသိုလ်နှင့် ဗြိတိန်ဆေးဝါး ကုမ္ပဏီ အာစထရာဇီနီကာ တို့ဖြင့် ကာကွယ်ဆေး ထုတ်လုပ်သွားမည် ဖြစ်ကြောင်း အာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။
လာမည့်နှစ် ပထမ သုံးလပတ်တွင် ကာကွယ်ဆေး စတင်ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း၊ ထိုကာကွယ်ဆေးကို တစ်နိုင်ငံလုံးအနှံ့ အခမဲ့ ရရှိနိုင်ကြောင်း သမ္မတ အန်းဒရတ်စ် မန်နူရယ်လ် လိုပတ်ဒ်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို