၂၄ ဇူလိုင်
မက္ကဆီကို မြောက်ပိုင်း ချီဟွာဟွာပြည်နယ်တွင် ယမန်နေ့က လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ လေးဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ ရှေ့နေက ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်သည် ထိုပြည်နယ် အနောက်ပိုင်းရှိ စီယူဒက် ကော့ရှ်တီမော့ အနီးရှိ စီးပွားရေးစင်္ကြ ံတစ်ခုရှိ လယ်ကွင်းတစ်ခုထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းလေယာဉ်မှူးအပါအဝင် အမျိုးသမီး တစ်ဦးနှင့် အမျိုးသား သုံးဦး တို့၏ အလောင်းများကို အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ တာဝန်ရှိသူများက တွေ့ရှိခဲ့ကြောင်း အစိုးရရှေ့နေရုံးမှ ကြေညာချက်အရ သိရသည်။
ယင်းလေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို မသိရှိရသေးသော်လည်း လေကြောင်းပို့ဆောင်ရေး တာဝန်ရှိသူများက စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
သေဆုံးသူ တစ်ဦးမှာ ဧဝံဂေလိ သင်းအုပ်ဆရာဖြစ်ပြီး ၎င်းသည် အနီးအပါးရှိ ဒူရမ်ဂို ပြည်နယ်သို့ အခြားခရီးသည်နှစ်ဦး နှင့်အတူ ခရီးထွက်ခဲ့ကြောင်း ဒေသန္တရ စာနယ်ဇင်း ဖော်ပြချက်အရ သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို