မက်မန်း ဧပြီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက လွယ်ဟိုလာရိပ်သာဝန်း မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ဖွင့်ပွဲကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ်ဖွဲ့မှ ဗိုလ်မှူးစိုင်းယီတို့က မြနန္ဒာအဖွင့်သီချင်းဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သောင်းမှ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ယိမ်းနှမများက သင်္ကြန်းယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဖွင့်ပွဲ၊ ယိမ်းအကပြိုင်ပွဲ၊ ပိတ်ပွဲ၊ ဖျော်ဖြေရေး အဆိုအကများဖြင့် သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)