မက်မန်း ဇွန် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်ရှိ ဒေသခံ တောင်သူလယ်သမားများ၏ တောင်ယာမိုးစပါးများ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။
“တောင်ယာစပါးကို မေလဆန်းပိုင်းမှာ စတင်စိုက်ပျိုးကြပြီး တောင်သူအချင်းအချင်း သူ့အလှည့်ကိုယ့်အလှည့် လက်စားသဘောဖြင့် ဝိုင်းဝန်းစိုက်ပျိုးကြသည့် အလေ့အထ ပိုများကြောင်း၊ နေ့စားအလုပ်သမားဖြင့် စိုက်ပျိုးသည့် အလေ့အထ နည်းပါးကြောင်း၊ လက်စားသဘောဖြင့် ကူညီကြသည့်အတွက် အချင်းချင်း ပိုမိုစည်းလုံးညီညွတ်စွာ စိုက်ပျိုးကြရ၍ ပိုအဆင်ပြေကြောင်း၊ မက်မန်းခရိုင်သည် တောတောင်ထူထပ်သည့် ဒေသဖြစ်သည့်အတွက် လယ်မြေရှိသော်လည်း နည်းပါးကြောင်း၊ တောင်ယာလုပ်ငန်းကိုသာ အဓိကထား စိုက်ပျိုးကြကြောင်း၊ တောင်ယာစပါးသည် သဘာဝမိုးရေဖြင့် မြေဆီ၊ မြေဩဇာ အသုံးပြုရခြင်းမရှိဘဲ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းသဖြင့် တောင်သူများ ဒေသဝမ်းစာစပါးအား သဘာဝကပေးသည့် အော်ဂဲနစ်ဆန်များ စားသုံးကြရကြောင်း၊ နှစ်စဉ် နိုဝင်ဘာလ၌ တောင်ယာ စပါးများ စတင်စုပေါင်းရိတ်သိမ်းကြကြောင်း၊ ဒေသဝမ်းစာ ဖူလုံမှုရရှိစေရန် တောင်ယာစပါးကို အဓိကစိုက်ပျိုးကြကြောင်း” ဒေသခံ လားဟူ တိုင်းရင်းသားတဦးထံမှ သိရသည်။
အေးဝင်းစိုး(ပြန်/ဆက်)