မက်မန်း ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းခရိုင်၊ မက်မန်းမြို့၏ မြို့ကျက်သရေဆောင် မင်းရန်အောင်စေတီတော်ရင်ပြင်နှင့် စေတီတော်ပတ်လမ်းတစ်လျှောက်၌ ယနေ့နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမှတ် (၁၀၁၀) နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုများ၊ ဌာနဆိုင်ရာဝန်ထမ်းများက စေတီတော်ရင်ပြင်နှင့် စေတီတော်ပတ်လမ်းတစ်လျှောက် အမှိုက်များ လှဲကျင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ စေတီတော်ရှိ ဘုရားပန်းအိုးများအား ဘုရားပန်းများ လဲလှယ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပန်းကျင်(ခရိုင်၊ ပြန်/ဆက်)