၁၈ မေ

မျက်နှာဖုံးဝတ်ဆင်ခြင်းဟာ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကို လျှော့ချနိုင်ကြောင်း ဟမ်းစတားကောင်လေးတွေကို အသုံးပြုပြီး လေ့လာခဲ့ရာမှ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်များက ဦးဆောင်ပြီး  ကိုဗစ်-၁၉ ရောဂါလက္ခဏာပြနေတဲ့ ဟမ်းစတားလေးတွေနဲ့ ကိုဗစ်-၁၉ ရောဂါလက္ခဏာမပြတဲ့ ဟမ်းစတားကောင်လေးတွေကို အသုံးပြုပြီး ဟောင်ကောင်တက္ကသိုလ်မှာ လေ့လာခဲ့တာဖြစ်ပါတယ်။

 

ရောဂါလက္ခဏာမရှိတဲ့ အကောင်လေးတွေနဲ့ ရောဂါလက္ခဏာရှိတဲ့အကောင်လေးတွေကို လှောင်အိမ်တစ်ခုစီမှာ ခွဲခြားထည့်ထားပြီး အဲဒီလှောင်အိမ်နှစ်ခုကြားကို ခွဲစိတ်ခန်းသုံး မျက်နှာဖုံး ခြားထားတာမျိုးကို လုပ်ဆောင်ရပါတယ်။  အဲဒီလှောင်အိမ်နှစ်ခုကြားမှာ လေအသွားအလာရှိရန် လိုအပ်တာကိုလည်း တွေ့ရပါတယ်။

 

အထက်ပါ စမ်းသပ်ချက်မှ တွေ့ရှိချက်မှာ အောက်ပါအတိုင်းဖြစ်တာကိုတွေ့ရပါတယ်။

 

လှောင်အိမ်တွေကြားကို မျက်နှာဖုံးနဲ့ မကာရံထားတဲ့အခါ ကျန်းမာရေးကောင်းမွန်တဲ့ ဟမ်းစတားလေးတွေ ရဲ့ သုံးပုံနှစ်ပုံဟာ ရောဂါကူးစက်ခံရထားကိုတွေ့ရပါတယ်။

 

ရောဂါပိုးရှိတဲ့ ဟမ်းစတာလေးတွေက မျက်နှာဖုံးနဲ့ ကာထားခဲ့မယ်ဆိုရင် ကျန်းမာတဲ့ အကောင်လေးတွေထဲက ၁၅ ရာခိုင်နှုန်းပဲရောဂါပိုးပျံ့နှံ့ကူးစက်နိုင်ပြီး  ကျန်းမာရေးကောင်းတဲ့ ဟမ်းစတားလေးတွေက မျက်နှာဖုံးနဲ့ကာထားမယ်ဆိုရင် ၃၅ ရာခုနှုန်းအထိ  ကူးစက်နှုန်း လျော့ကျသွားတာကို တွေ့ရပါတယ်။

 

ဟောင်ကောင်မှာ ဗိုင်းရပ်စ်ပိုးစတင်ချိန်ကစပြီး လေးလအတွင်း ရောဂါကူးစက်ခံရသူ ၁,၀၀၀ ကျော်ထဲမှ ၄ ဦး သာသေဆုံးကြောင်းသိရတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ အခုလို ထိန်းချုပ်နိုင်မှုက  မျက်နှာဖုံးကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုပြီး၊ စမ်းသပ်ခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းကိုတော့ လူဉီးရေ ၇ ဒသမ ၅ သန်းကို ပြုလုပ်ခဲ့တာကြောင့် လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

MDN
ကိုးကား - AFP