နေပြည်တော် ၁၄ သြဂုတ်

တနင်္သာရီတိုင်းဒေသကြီး မလွဲတောင်အပိုင်း ရန်ကုန် - ရေး - ထားဝယ် - မြိတ်လမ်း ထားဝယ်မြို့မှ မိုင်တိုင်(၈၀/၄) အကွာတွင် လမ်းသားပြတ်ကျသောနေရာသို့ ဘေလီတံတား ထိုးခြင်းလုပ်ငန်း ဆောင်ရွက်ရန် ဘေလီများ တင်ဆောင်လာသည့် ကားကြီးများနှင့် ကရိန်းများ ယနေ့ ညနေ ၄ နာရီတွင် ရောက်ရှိပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

လမ်းအထူးအဖွဲ့(၂၃)မှ အင်ဂျင်နီယာများက စက်ယန္တရားကြီးများဖြင့် တောင်ပြိုမြေများအား နေ့/ည မပြတ် ဖယ်ရှားခြင်းကြောင့် လုပ်ငန်းဆောင်ရွက်မည့် နေရာသို့ ဘေလီတင်ဆောင်သည့် ကားကြီးများ အမြန်ဆုံး ရောက်ရှိလာရခြင်းဖြစ်ပြီး တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၄)မှ တံတားအင်ဂျင်နီယာများ၊ ကျွမ်းကျင်လုပ်သားများက ဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်းကို အမြန်ဆုံး စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

MDN
ဓာတ်ပုံ- ဆောက်လုပ်ရေးဝန်ကြီးဌာန