မလေးရှား အထွေထွေရွေးကောက်ပွဲ

၉ မေ

နှစ်ပေါင်း(၆၀)အတွင်း နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ် ပြောင်းသွားနိုင်တဲ့ ရွေးကောက်ပွဲတစ်ခုလို့ ပြောဆိုနေတဲ့ မလေးရှားနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ မဲပေးဖို့ပေးနိုင်ရေးအတွက် မနက် ၈ နာရီကနေစတင်ပြီး တစ်နိုင်ငံလုံးရှိ မဲရုံတွေ ဖွင့်လိုက်ပါပြီ။

တစ်နိုင်ငံလုံးမှာ မဲရုံပေါင်း ရှစ်ထောင်နှစ်ရာငါးဆယ့်သုံးခုရှိပြီး မဲပေးနိုင်တဲ့ လူဦးရေ ၁၅ သန်းလောက်က မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ မဲပေးနိုင်ဖြစ်ပါတယ်။ မဲရလဒ်ကိုတော့ ည ၉ နာရီလောက်မှ စသိနိုင်ပြီး အနိုင်၊ အရှုံးကို ည ၁၂ ကျော်လောက်မှာ သိရမယ်လို့ ခန့်မှန်းချက်တွေလည်းရှိနေပါတယ်။ (မလေးရှားနိုင်ငံ စံတော်ချိန်ဟာ မြန်မာနိုင်ငံစံတော်ချိန်ထက် ၁ နာရီ ၃၀ မိနစ်စောပါသည်)



မဲပေးခွင့်ရှိသူတွေထဲ တစ်ဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း နှစ်ထောင့်သုံးရာသုံးဆယ့်သုံးယောက်ဟာ အထက်လွှတ်တော်အတွက် ၂၂၂ နေရာ နှင့် အောက်လွှတ်တော်အတွက် ၅၀၅ နေရာအတွက် ယှဉ်ပြိုင်နေကြပါတယ်။



မဲရုံတွေမှာရောက်ရှိနေတဲ့သတင်းထောက်တွေရဲ့ မျက်မြင်သတင်းပို့ချက်တွေအရ မဲရုံတွေရှေ့မှာ မဲပေးဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးကိုတွေ့ရကြောင်းနဲ့ တရားဝင်တံဆိပ်တုံး မပါရှိသော မဲလက်မှတ်တွေကလည်း မဲပေးမယ့် လူတွေဆီမှာ တွေ့ရကြောင်း၊ အဲဒီလို တံဆိပ်တုံးမပါတဲ့ မဲတွေက ပယ်မဲ ဖြစ်သွားနိုင်ကြောင်းလည်း သိရပါတယ်။ 

ဝင်ရောက်အရွေးခံမယ့် ပါတီခေါင်းဆောင်တွေက မနေ့က နောက်ဆုံးအကြိမ်အဖြစ် မဲဆွယ်ခဲ့ကြပါတယ်။ လက်ရှိ ဝန်ကြီးချုပ် နာဂျစ် ရာဇတ် က သူ့ရဲ့ BN ပါတီအတွက် နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ မဲဆွယ်မိန့်ခွန်း ပြောနေစဉ် သူ့ရဲ့ ဆရာဟောင်း အခုတော့ သူ့ကို ဒုက္ခပေးနိုင်တဲ့လူအဖြစ် ပြောင်းလဲသွားပြီးဖြစ်တဲ့ မဟာသီယာ မိုဟာမက် ကလည်း အွန်လိုင်းပေါ်မှာ သူ့ရဲ့ DAP ပါတီအတွက် မဲဆွယ်နေတာကို တွေ့ရပါတယ်။ 

နာဂျစ်နဲ့အတူ BN ပါတီခေါင်းတွေက မဲဆွယ်ရာမှာ လူငယ်တွေနဲ့ မူဆလင်တွေကို ဦးတည်ပြီး မဲဆွယ်တာမျိုးကို တွေ့ရပါတယ်။ အသက် ၂၆ နှစ် သို့မဟုတ် ၂၆ နှစ်အောက်လူငယ်တွေကို ဝင်ငွေမကောက်ဘူးပြောတာမျိုး၊ နောက်လမှာ ၅ ရက် ကျင်းပမယ့် ပွဲတော်အတွင်း အမြန်လမ်း တိုးဂိတ်တွေကြေးတွေကို မကောက်ဘူးဆိုတာမျိုး၊ လာမယ့် တနင်္လာ၊အင်္ဂါ သို့မဟုတ် တနင်္ဂနွေ၊ တနင်္လာ ကို ရုံးပိတ်ရက်လုပ်ပေးခြင်းအားဖြင့် မူဆလင်တွေရဲ့ ဥပုသ်လ ပျော်ပျော်ရွှင်ရွှင် စနိုင်တာမျိုး စတဲ့ ကတိကဝတ်တွေ ပေးနေပါတယ်။ 

DAPပါတီခေါင်းဆောင် ဒေါက်တာမဟာသီယာ မိုဟာမက် က လန်ကာဝီကျွန်းမှာ ရောက်ရှိစဉ် သူ့ပါတီသာ နိုင်ရင် ၂၀၂၀ အရောက်မှာ မလေးရှားနိုင်ငံဟာ ဖွံ့ဖြိုးပြီး နိုင်ငံတစ်နိုင်ငံအဖြစ် လာရောက်ရှိလာမယ်၊ မလေးရှားနိုင်ငံရဲ့ (၆)ယောက်မြောက် ဝန်ကြီးချုပ်က နိုင်ငံကို ဒုက္ခရောက်စေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲတဲ့ ၁၁ ရက်ကြာ မဲဆွယ်တဲ့ နောက်ဆုံးဖြစ်တဲ့ မနေ့ကတွေ့ရှိချက်တွေအရ ပါတီနှစ်ခုလုံးမှာ ဘယ်သူကမှ ဦးဆောင်နိုင်တဲ့ အနေထား မရှိတာမျိုးဖြစ်နေပါတယ်။ 

MDN.

ကိုးကား- The Straits Times, BBC and AFP.