မလေးရှား အထွေထွေရွေးကောက်ပွဲမှာ မဲပေးဖို့တန်းစီနေစဉ် လူနှစ်ဦး သေဆုံး

၉ မေ

မေလ ၉ ရက် ဗုဒ္ဓဟူးနေ့မှာ  ကျင်းပနေတဲ့ မလေးရှားနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲပေးဖို့တန်းစီနေစဉ် လူ နှစ်ဦး လဲကျသေဆုံးခဲ့ကြောင်း CNA သတင်းအရ သိရပါတယ်။

ဂျန်ဂန် မှာရှိတဲ့ မဲရုံတစ်ရှေ့မှာ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး လဲကျသေဆုံးကြောင်း ဒေသခံရဲအရာရှိက အတည်ပြုပြေဆိုပါတယ်။ အဲဒီအမျိုးသမီးရဲ့ သမီးဖြစ်သူကလည်း မဲပေးဖို့အတွက် နောက်တစ်လိုင်းမှာ တန်းစီနေတယ်လို့ သိရပါတယ်။

ဆယ်လန်ဂါမှာ မဲပေးဖို့တန်းစီနေတဲ့ အသက် ၇၈ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း မဲပေးဖို့တန်းစီနေစဉ် လဲကျသေဆုံးခဲ့ပါတယ်။ အဲဒီအမျိုးသားမှာ နှလုံးရောဂါ၊ အဆုတ်မကောင်း သလို ဆီးချိုရောဂါလည်း ရှိကြောင်း ဇနီးဖြစ်သူက ပြောပါတယ်။

မလေးရှား တစ်နိုင်ငံလုံးမှာ မဲရုံပေါင်း ရှစ်ထောင် နှစ်ရာ ငါးဆယ့် သုံး ခုရှိပြီး မဲပေးနိုင်တဲ့ လူဦးရေ ၁၅ သန်းလောက်က မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ မဲပေးနိုင်ဖြစ်ပါတယ်။ (မလေးရှား နိုင်ငံ စံတော်ချိန်သည် မြန်မာနိုင်ငံစံတော်ချိန်ထက် ၁ နာရီ ၃၀ မိနစ်စောပါသည်။)

MDN

ကိုးကား- CNA