မလေးရှားနိုင်ငံ အထွေထွေရွေးကောက်ပွဲ မေ ၉ ရက်တွင် ကျင်းပမည်

ကွာလာလမ်ပူ ၁၀ ဧပြီ

မလေးရှားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကြီးကို မေလ ၉ ရက်နေ့အတွင်း ကျင်းပသွားမှာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက သတင်းကြေငြာလိုက်ပါတယ်။ အာဏာပိုင်တွေက ဧပြီ ၁၀ ရက် အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ အမျိုးသားရွေးကောက်ပွဲကို သီတင်းပတ်တစ်ခုရဲ့ ရုံးပိတ်ရက်မှာ ကျင်းပလေ့ရှိကြပေမယ့် ဒီတစ်ကြိမ် ဆန္ဒမဲပေးပွဲကို ဗုဒ္ဓဟူးနေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဆန္ဒမဲပေးပွဲ မတိုင်ခင် မဲဆွယ်စည်းရုံးရေးကာလကို ၁၁ ရက် ပြုလုပ်ခွင့်ပေးထားပါတယ်။ 

ဆယ်စုနှစ်ခြောက်ခုလောက် အာဏာရယူထားတဲ့ ဘာရီဆန် အမျိုးသား ညွန့်ပေါင်း (BN) က  လွှတ်တော်ကို ရုံးပိတ်ရက်အတွင်းက ဖျက်သိမ်းလိုက်ပြီးနောက် အခုလို ရွေးကောက်ပွဲပြုလုပ်မယ့် ကြေညာချက် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

1 MDB လို့ခေါ်တဲ့ ပြည်နယ်ရန်ပုံငွေ အရှုပ်တော်ပုံပြဿနာ ပိုမိုဆိုးရွားလာပြီး မကြာခင်နှစ်တွေက အစိုးရအပေါ် လူကြိုက်များမှု လျော့နည်းလာခဲ့ပေမယ့် (BN) ညွန့်ပေါင်းအဖွဲ့ရဲ့ အာဏာဆုပ်ကိုင်ထားနိုင်မှုကြောင့် ဝန်ကြီးချုပ် နာဂျစ် အနိုင်ရရှိနိုင်ခြေ ရှိတယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

နောက်ဆုံးအကြိမ် ရွေးကောက်ပွဲပြုလုပ်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က အစိုးရဟာ ပထမအကြိမ်အဖြစ် လူကြိုက်များမှုလျော့နည်းလာပြီးတဲ့နောက် မဟာမိတ် စုစည်းတဲ့ မလေးရှား အမျိုးသား အဖွဲ့အစည်း (UMNO) ညွန့်ပေါင်းပါတီကြီးရဲ့ ဖိအားပေးခြင်းကို နာဂျစ်ဟာ ခံနေခဲ့ရတာလည်း ဖြစ်ပါတယ်။

အသက် ၉၂ နှစ်အရွယ် အတိုက်အခံ ယှဉ်ပြိုင်ဘက် မဟာသီယာ ပြန်လည်ဝင်ရောက် ရွေးကောက်ခံမှာဖြစ်တဲ့အတွက်လည်း နာဂျစ်ရာဇတ် ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ အရေးဟာ သိပ်မသေချာပါဘူး။

(MDN)
ကိုးကား-AFP