၇ သြဂုတ်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ တစ်နာရီအကွာရှိ Dusun Resort ကို ရောက်ရှိလာသော လန်ဒန်မြို့တွင် နေထိုင်သူ ပြင်သစ်-အိုင်းရစ်ဆယ်ကျော်တစ်ဦး ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပျောက်ဆုံးခဲ့ရာ ရဟတ်ယာဉ်တစ်စီး အပါအဝင် လူပေါင်း ၁၈၀ နီးပါး ပါဝင်တဲ့ ရှာဖွေရေးအဖွဲ့က ရှာဖွေနေကြောင်း သိရပါတယ်။

 

206

 

ဒူဆန် အပန်းဖြေစခန်းဟာ ၁၂ ဧက ကျယ်ဝန်းပြီး စခန်းရဲ့ နောက်မှာ တောင်တန်းရှိတာကို တွေ့ရပါတယ်။

 

15ee

 

ပျောက်ဆုံးနေသူဟာ အသက် ၁၅ နှစ်အရွယ် နိုရာကွာရင်ဖြစ်ပြီး မိသားစုတွေအတူ စနေနေ့ညပိုင်းက ဒူဆန်အပန်းဖြေစခန်းကို ရောက်ရှိခဲ့ပါတယ်။  

 

15gd

 

အပန်းဖြေစခန်းရှိ သူမနဲ့ သူမရဲ့အမတို့ တည်းခိုမယ့်အခန်းမှာ တနင်္ဂနွေမနက်ပိုင်းက သူမကိုမတွေ့ရတော့ဘဲ အခန်းပြတင်းပေါက်ပွင့်နေကြောင်း အခန်းတွင် အတူတည်းခိုတဲ့ အမက ပြောပါတယ်။

 

15hjdc

 

နိုရာဟာ သင်ယူလေ့လာရေးမှာ အခက်အခဲရှိတဲ့ မသန်စွမ်းတစ်ယောက်ဖြစ်ပါတယ်။

 

578

 

“နိုရာပျောက်ဆုံးမှုဟာ သိပ်ပြီးထူးဆန်းပါတယ်။ ၁၈ နာရီ လေယာဉ်စီးလာရပြီး လန်ဒန်နဲ့ ၇ နာရီကွာတဲ့နေရာမှ နိုရာဟာ ကောင်းကောင်းအိပ်ပျော်နေရာမှ ဖြစ်ပြီး ညပိုင်းမှာ လျှောက်သွားမယ်လို့ မထင်ဘူး။ အတူသွားတဲ့ မိသားစုဝင်တွေက ပင်ပန်းပြီး အိပ်ပျော်နေကြရာ မနက်ပိုင်းမှာ နိုရာကို မတွေ့တော့တာဖြစ်တယ်” လို့ နိုရာရဲ့အဖိုးက ပြောပါတယ်။

 

895

 

အပန်းဖြေခရီးထွက်လာတဲ့မိသားစုက အဲဒီအပန်းဖြေစခန်းမှာ သီတင်းနှစ်ပတ်နေထိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံရဲတပ်ဖွဲ့ကတော့ နိုရာပျောက်ဆုံးမှုကို လူပျောက်တဲ့အမှုလို့သာ အခုထိသတ်မှတ်ထားပြီး ပြန်ပေးဆွဲမှုလို့ မသတ်မှတ်ထားသေးကြောင်း သိရပါတယ်။

MDN
ကိုးကား -AFP