ဒီဇင်ဘာ ၁၅

 

မလေးရှားနိုင်ငံတွင်  ၂၀၂၂ ခုနှစ်က ရေကြီးရေလျှံမှု ၉၈၃ ခုရှိရာ ၂၀၂၁ ခုနှစ်က ရေကြီးရေလျှံမှု ၁၀၅၇ ခုနှင့်နှိုင်းယှဉ်ပါက ရေကြီးမှုဖြစ်ပွားသည့်အရေအတွက် ကျဆင်းခဲ့ကြောင်း ယနေ့တွင် အချက်အလက်တရားဝင်ထုတ်ပြန်ဖော်ပြထားသည်။

 

နိုင်ငံအတွင်း နှစ်စဉ်မိုးရေချိန်သည် မီလီမီတာ ၂၆ ဒသမ ၀ ရှိရာမှ ၁၇၄၉ ဒသမ ၄ မီလီမီတာအထိ တိုးလာကြောင်း ဖော်ပြထားသည်။ ရေကြီးမှု၊ မုန်တိုင်းတိုက်ခတ်မှု၊ မြေပြိုမှုနှင့် မီးလောင်မှုစသည့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုတို့ကြောင့် သဘာဝဘေးသင့်သူအရေအတွက်သည် ၂၀၂၁ ခုနှစ်က ၂၀၈၆၄၃ ဦးရှိရာမှ ၂၀၂၂ ခုနှစ်တွင် ၁၉၂၇၀၇ ဦးသို့ လျော့ကျလာခဲ့သည်။

 

မလေးရှားနိုင်ငံတွင် လမ်းမတော်တဆဖြစ်ပွားမှု ၅၄၅၅၈၅ ခုရှိရာ လွန်ခဲ့သောနှစ်က လမ်းမတော်တဆဖြစ်ပွားမှု ၃၇၀၂၈၆ ခုနှင့်နှိုင်းယှဉ်ပါက ၄၇ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို