ကွာလာလမ်ပူ  မတ်  ၂၂

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အပူချိန်ဆက်တိုက်မြင့်တက်နေသောကြောင့် မလေးရှားမိုးလေဝသဌာနက မလေးရှားကျွန်းဆွယ် အထူးသဖြင့်  နိုင်ငံမြောက်ပိုင်းဒေသ ၁၂ ခုအတွက် မတ် ၂၂ ရက်တွင် အပူချိန်သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

မိုးလေဝသဌာနသည် မြောက်ပိုင်းပြည်နယ်များရှိ အချို့ဒေသများအတွက် Level 1 အဆင့် အပူချိန်သတိပေးချက်ကို ထုတ်ပြန်ထားပြီး  သုံးရက်ဆက်တိုက် အပူချိန် ၃၇ ဒီဂရီဆဲလ်စီးယပ်နှင့်  ၄၀  ဒီဂရီ ဆဲလ်စီးယပ်ကြားရှိသော ကဒါးပြည်နယ်ရှိ ပါဒါန်းတီရပ် ခရိုင်အတွက် Level 2 အဆင့်  အပူချိန် သတိပေးချက်ကို ထုတ်ပြန်ထားသည်။

နေ့စဉ်အမြင့်ဆုံးအပူချိန်သည်  သုံးရက်ထက်မနည်း  ၃၅  ဒီဂရီဆဲလ်စီးယပ်နှင့် ၃၇ ဒီဂရီ ဆဲလ်စီးယပ်ကြားရှိပါက  Level  1 အဆင့်   သတိပေးချက်ထုတ်ပြန်ခြင်းဖြစ်ကြောင်း  သိရသည်။ ပြည်သူလူထုအနေဖြင့် နောက်ဆုံးရ မိုးလေဝသသတင်းအချက်အလက်များကို အမြဲမပြတ်စောင့်ကြည့်ကြရန်လည်း တိုက်တွန်းထားသည်။                  

ဆင်ဟွာ