အောက်တိုဘာ ၂
မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၈၈၉ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၂၂၅၇၅၈၄ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
ထပ်မံကူးစက်ခံရသူများအနက် ၁၄ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၁၁၈၇၅ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ထိုဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၁၂၁ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၂၆၄၅၆ ဦး အထိရှိလာသည်။
ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းခွင့်ရရှိသူပေါင်း ၂၀၇၀၇၁၅ ဦး ရှိသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရဆဲလူနာ ၁၆၀၄၁၃ ဦး ရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူဦးရေ ၉၀၀ ရှိသည်။
နိုင်ငံတစ်ဝန်းတွင် ကာကွယ်ဆေးတစ်ကြိမ်ထက်မနည်း ထိုးနှံပြီးသူ ၇၂ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသူ ၆၂ ဒသမ ၄ ရာခိုင်နှုန်းရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို