မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၇၅၄ ဦး ထပ်မံတွေ့ရှိ

စက်တင်ဘာ ၂၄

မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၇၅၄ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင့် ရောဂါကူးစက်ခံရသူပေါင်း ၂၁၅၆၆၇၈ ဦး အထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ထပ်မံရောဂါကူးစက်ခံရများတွင် နိုင်ငံခြားမှပြန်ရောက်လာသူ လေးဦးနှင့် ဒေသတွင်း ကူးစက်မှုခံရသူ ၁၃၇၅၀ ဦးတို့ရှိကြောင်း ထိုဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၁၁၆ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၂၄၆၈၁ ဦး ရှိလာသည်။

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၁၉၃၃၇၁၃ ဦး ရှိသည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၁၉၈၂၈၄ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၁၁၁၇ ဦး ရှိနေသည်ဟု သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူ ၆၈ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၅၈ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို