အောက်တိုဘာ ၂၇
မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၃၆ ဦးထပ်မံတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူပေါင်း ၄၈၈၇၆၇၅ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် သုံးဦးသည် ပြည်ပပြန်ကူးစက်မှုဖြစ်ပြီး ၂၁၃၃ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ခြောက်ဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၃၆၄၅၈ ဦး ရှိလာကြောင်း သိရသည်။
ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၈၂၃၉၈၄ ဦး ရှိလာသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၇၂၃၃ ဦးရှိပြီး ၄၈ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိကြောင်း သတင်းဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို