ဩဂုတ် ၂၉
မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၉၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၇၇၆၁၉၄ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါရောဂါကူးစက်ခံရသူများအနက် တစ်ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၂၁၉၀ သည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် နှစ်ဦးထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၃၆၁၉၈ ဦး ရှိလာသည်။
ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၇၀၇၀၉၅ ဦးရှိသည်ဟု သိရသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၃၂၉၀၁ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင်ကုသမှုခံယူနေသူ ၇၃ ဦး၊ အသက်ရှူအထောက်အကူပြုကိရိယာလိုအပ်နေသူ ၄၈ ဦး ရှိကြောင်း ဖော်ပြထားသည်။
နိုင်ငံအတွင်း ကိုဗစ်ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ၈၆ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ ၈၄ ဒသမ ၂ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအပိုဆောင်းတစ်ကြိမ်ထိုးနှံပြီးသူ ၄၉ ဒသမ ၇ ရာခိုင်နှုန်းနှင့် ကာကွယ်ဆေး အပိုဆောင်း နှစ်ကြိမ်ထိုးနှံပြီးသူ ၁ ဒသမ ၄ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို