ဇူလိုင် ၆
မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၉၃၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၅၇၈၇၄၁ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါရောဂါ ထပ်မံကူးစက်ခံရသူများအနက် ၂၉၃၀ ဦးသည် ပြည်တွင်း ကူးစက်မှုဖြစ်ပြီး နှစ်ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် သုံးဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၅၇၈၇ ဦး ရှိလာသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၃၀၀၁၉ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၄၂ ဦး ရှိသည်။
ထိုရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၅၁၂၉၃၅ ဦး ရှိသည်ဟု သိရသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ၈၅ ဒသမ ၉ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ ၈၃ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ၄၉ ဒသမ ၅ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို