ဩဂုတ် ၂၆

 

မလေးရှားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၂၀၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၇၆၈၃၉၄ ဦး အထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရသူများအနက် လေးဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး  ၃၂၀၂ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ရှစ်ဦးထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၃၆၁၈၅ ဦး ရှိလာသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၆၉၆၂၂၁ ဦးရှိသည်ဟု သိရသည်။

 

ထို့ကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၃၅၉၈၈ ဦးရှိပြီး ၆၉ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။ ၎င်းတို့အနက် အသက်ရှူအထောက်အကူပြုကိရိယာများ လိုအပ်နေသူ ၄၂ ဦးရှိသည်။

 

နိုင်ငံ့လူဦးရေ၏ ၈၆ ရာခိုင်နှုန်းသည် ကိုဗစ်ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံပြီး ဖြစ်ကြောင်း၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ ၈၄ ဒသမ ၂ ရာခိုင်နှုန်း၊ အပိုဆောင်းကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူ ၄၉ ဒသမ ၆ ရာခိုင်နှုန်းနှင့် အပိုဆောင်းကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ  ၁ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို