ဒီဇင်ဘာ ၁၂
မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၂၆၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၆၆၃၀၃၄ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ထပ်မံကူးစက်ဖြစ်ပွားသူများအနက် ၁၅ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၄၂၄၇ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၃၈ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၃၀၆၅၂ ဦးအထိရှိသည်။
ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းလာသူပေါင်း ၂၅၇၂၀၅၃ ဦးရှိသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားနေဆဲလူနာ ၆၀၃၂၉ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှု ခံယူနေသူ ၂၄၉ ဦးရှိသည်။
နိုင်ငံလူဦးရေ၏ ၇၉ ဒသမ ၂ ရာခိုင်နှုန်းခန့်သည် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်ထက်မနည်း ထိုးနှံမှုခံယူပြီးဖြစ်ပြီး ၇၇ ဒသမ ၉ ရာခိုင်နှုန်းသည် ကာကွယ်ဆေး အပြည့်အဝထိုးနှံမှုခံယူပြီး ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို