ဒီဇင်ဘာ ၂
မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၄၃၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ခံရသူပေါင်း ၂၆၃၈၂၂၁ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနပြောကြားချက်အရ သိရသည်။
ရောဂါထပ်မံကူးစက်ခံရသူများအနက် ၂၁ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၅၄၁၈ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ထိုဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၄၉ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၃၀၄၇၄ ဦးအထိ ရှိသည်။
ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းလာသူပေါင်း ၂၅၄၄၀၀၇ ဦးရှိလာသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာဦးရေ ၆၃၇၄၀ ရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၅၀၀ရှိသည်။
နိုင်ငံလူဦးရေ၏ ၇၉ ဒသမ ၂ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်ထက်မနည်း ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၇၇ ဒသမ ၈ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီးဖြစ်သည်ဟု ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို