ဇန်နဝါရီ ၂၆
မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၀၆၆ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင့် ကူးစက်ဖြစ်ပွားသူပေါင်း ၂၈၄၀၂၂၅ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ထပ်မံကူးစက်ခံရသူများအနက် ၃၆၂၄ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၄၄၂ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၃၁၉၁၈ ဦးရှိလာသည်။
ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၃၅၅၉ ဦးရှိပြီး ဆေးကုသမှုခံယူပြီးနောက် ဆေးရုံများမှ ဆင်းခွင့် ရရှိသူပေါင်း ၂၇၆၂၆၀၈ ဦးအထိ ရှိသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားဆဲလူနာ ၄၅၆၉၉ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၁၃၁ ဦး ရှိသည်။
နိုင်ငံအတွင်း ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၂၁၃၂၂၆ ဦး ရှိသည်။ နိုင်ငံလူဦးရေ၏ ၇၉ ဒသမ ၈ ရာခိုင်နှုန်းသည် အနည်းဆုံးကာကွယ်ဆေးတစ်ကြိမ်ထိုးနှံမှုခံယူပြီး ဖြစ်သည်။ ၇၈ ဒသမ ၇ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၃၄ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုနှံမှုခံယူပြီးဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို