နိုဝင်ဘာ ၂၂
မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၈၅၄ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင့် ရောဂါကူးစက်ခံရသူပေါင်း ၂၅၈၆၆၀၁ ဦးအထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ရောဂါထပ်မံကူးစက်ခံရသူများအနက် ၁၂ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၄၈၄၂ ဦးသည် ပြည်တွင်း ကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါရောဂါကူးစက်မှုကြောင့် ၂၄ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၀၀၀၂ ဦး ရှိသည်။
ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းခွင့်ရရှိသူပေါင်း ၂၄၈၇၈၀၉ ဦးရှိသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာဦးရေ ၆၈၇၉၀ ရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၅၄၁ ဦး ရှိသည်။
နိုင်ငံလူဦးရေ၏ ၇၈ ဒသမ ၆ ရာခိုင်နှုန်းခန့်သည် ကာကွယ်ဆေးပထမအကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ပြီး ၇၆ ဒသမ ၅ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီးဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို